နာမည်ပျက်မရှိအောင်နေထိုင်ခြင်း
နာမည်ပျက်မရှိအောင်နေထိုင်ခြင်းသည်
မိဘကိုကျေးဇူးဆပ်ခြင်း
သားသမီးကို ကျေးဇူးပြုခြင်း
ချစ်သူကိုမြတ်နိုးခြင်း လောကကို အလှဆင်ခြင်းဖြစ်၏။
learning
နာမည်ပျက်မရှိအောင်နေထိုင်ခြင်းသည်
မိဘကိုကျေးဇူးဆပ်ခြင်း
သားသမီးကို ကျေးဇူးပြုခြင်း
ချစ်သူကိုမြတ်နိုးခြင်း လောကကို အလှဆင်ခြင်းဖြစ်၏။
မှတ်ပီလားဟ………အဲ့ဒါ… မြန်မာကွ 😁😁😁😁
မနိုင်နိုင်အောင်ပြောတတ်တယ်လေ😁😁
ဒီနေ့ စနေနေ့ ရုံးပိတ်ရက် ..အိုတီသွားဆင်းတယ် ..
တခြားကုမ္ပဏ္ဍီက မန်နေဂျာ တစ်ယောက် နဲ့ စကား ပြော ဖြစ်တယ် …
သူကအရင် လာပြောတာ …
မင်းတို့ နိုင်ငံ က လူ တွေ စင်ကာပူကို တော်တော်လာကြတယ်နော် တဲ့ …
ကိုယ်ကလည်း …
ဟုတ်တယ် လေ … မင်းတို့ နိုင်ငံ က ဘာမှ မှမထွက်တာ လို့ လူသားရင်းမြစ်လည်း မရှိဘူး လေ လို့ …
ဒါကြောင့် နိုင်ငံ တကာ က လူ တွေ လာ ပြီး လုပ်ပေး နေ ရတာ လို့ …
သူက – – စလုံး ပညာရေး က ကမ္ဘာ ကို ယှဉ်နိုင်တယ် တဲ့ … ပညာရေး ကို ငယ်စဉ်ကတည်း က စနစ်တကျ ပြု စု ခဲ့ ကြတာ တဲ့ …ကမ္ဘာ က လေး စား ရတဲ့  နိုင်ငံ တဲ့ …..
ကျွန်တော် — မင်းတို့ စလုံး … နစ်ပေါင်း ၅၀ကျော် ပီ ကမ္ဘာ့ အဆင့်မှီ ပုဂ္ဂိုလ် ဘယ်နယောက် ထွက်ဘူး လဲ ??
ဥပမာ -အမေစုလို နိဗယ်ဆုရှင် တို့
ဦးသန့်လို ကုလသမဂအတွင်းရေးမှူးချုပ်တို့
ကမ္ဘာကျော် အားကစားသမားတို့
ဟောလီးဝုဒ်ဆုရှင် တို့
အောင်လအန်ဆန်းတို့လို ကမ္ဘာကျော်နပမ်းသမားတွေ ရှိလား မေးတော့
ဘာမှမပြောဘူး …ငြိမ် လို့ …
မင်းတို့ နိုင်ငံ တည် ဆောက်ဖို့ ငါတို့ နိုင်ငံ ကို လာကြည့် ပြီး ဆောက် ခဲ့တာ …ခု ထိ လိုက် မမှီ သေးဘူး …….ဆို တော့ …… ဟုတ်လို့ လားတဲ့ ….
ဒါနဲ့ …အင်တာနက် က နေပြည် တော် လမ်း ကို ပြ လိုက် တယ် …
ဒီ မှာ ကြည့် ဒါ ငါတို့ မြို့က လမ်း ….ဘယ်နလမ်းမောင်း လည်းတောင် မ ရေ နိုင် ဘူး လို့ ….
သူ သေချာကြည့်တယ် …
စလုံး မှာရှိလား ဆို တော့ …အေးမရှိဘူး တဲ့ …အေး မင်း တို့ စလုံး မြန် မာ ကို မှီ ဖို နောက် အနစ် ၂၀ လည်း မဖြစ်နိုင် ဘူး လို ပြော ပြီး ပြန် ထ လာ ခဲ့ တယ် ….
Credit မူရင်းလူ
ယောကျာ်း လေးတွေရဲ့
အဓိက ပြသာနာ က
အသက်ကြီးလာရင်
စော်…ပိုကြည် လာတာပဲ…
ခက်တယ်…….
================
တခါတည်း အပြတ်ဖြတ်တဲ့
အနေနဲ့
ကိုယ်ထက် တနှစ် နှစ်နှစ် လောက် ပဲ
ငယ်မှန်းသိလဲ
သမီး…ေါကာက်ခေါ် ပစ်တာ….ပဲ
ဒါလဲ
သူတို့က
ဦး……လို့ ပြန်ခေါ်ပြန်ရော……
=====================
မဖြစ်သေးပါဘူး လေ ဆိုပြီး
ဗိုက်ရွှဲကြီးနဲ
ရုပ်ဖျက်ထားတော့လည်း
ခန့်လိုက်တာ လို့ဖြစ်ပြန်ရော….
=====++============
ဆံပင်ကပါး
ထိပ်က ပြောင် စပြုနေပြီ
နဖူးလည်း အတော်ကျယ် လာပြီ
ဒါလဲ
လူကြီးဆန်တာပေါ့ ဆိုတော့
ဘာလုပ်ကျမတုန်း…..
ဆံပင်သွားစိုက်ရမှာလား…..
===================
ဆံပင်ဖြူတွေ
တမင်သက်သက်
မဆိုးပဲ ထားတာလဲ
ကောင်းတယ်ဖြစ်ပြန်ရော
သမီးနှုတ်ပေးမယ် ဆိုပဲ
==================
တဖြည်းဖြည်းနဲ့
အသက်ကြီးမှာကြောက် လာတယ်
အသက်ကြီးလာတာကိုက
ပြသာနာဖြစ်နေတာ…😁😁😁😁
credit # Ko Thit
ရည်မှန်းချက်တစ်ခုပဲရှိပါတယ်။ မျှ ဝေရန်ဖြစ်သည်။